ဥတ္တရသီရိ ၂၅ ဧပြီ
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေ အခက်ကြုံနေသော ကျေးရွာများသို့ သောက်သုံးရေ ရရှိစေရန်အတွက် ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဇလောင်းမြောက်ကျေးရွာသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့ သောက်သုံးရေလှူဒါန်းရာတွင် တာဝန်ရှိသူများက ဇလောင်းမြောက်ကျေးရွာရှိ အိမ်ခြေ ၁၆၂၊ အိမ်ထောင်စု (၁၆၈)စု လူဦးရေ (၆၀ဝ)အတွက် သောက်သုံးရေ ဂါလန် ၁၆၀ဝ အား ခွဲဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


