မြဝတီ ၂၃ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ဒီမိုကရေစီ ခေတ်တွင် အစိုးရနှင့် ပြည်သူများအကြားဆွေးနွေးတိုင်ပင်နိုင်ရန်၊ ပြည်သူတို့၏ ဘဝဖြတ်သန်းမှုအကြောင်း ကိစ္စများ ဆွေးနွေးပြော ကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ လူထု၏ စဉ်စားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အဖွဲ့အစည်းအတွင်း ပါဝင်ဆွေး နွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရန် စသည့်ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးကြသူများဖြစ်သည့် မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေး၊ အဖြူရောင်မီးအိမ်ပရဟိတအသင်းဥက္ကဋ္ဌ ဦးမန်းစိုးသီဟ၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင် ရေးအသင်းဥက္ကဋ္ဌ (ကရင်ပြည်နယ်အသင်းခွဲ) ဦးကျော်ဆန်းဦး၊ ရဲရင့်ယဉ်ကျေးဓမ္မစကူးလ်မှ ကိုစိုင်း(ခ)ဦးစိုင်းမျိုးညွန့်ဦးတို့က မူးယစ်ဆေးဝါးအန္တရာယ်၊ ဆိုးကျိုး၊ ဆောင်ရန်ရှောင်ရန်နှင့် သိကောင်းစရာများအား ဆွေးနွေးကြသည်။
ဆက်လက်ပြီး ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူ လူငယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


