တောင်ပြိုလက်ဝဲ  ၂၅  ဧပြီ

တောင်ပြိုလက်ဝဲမြို့ အမှတ် (၂)ရပ်ကွက်ရှိ လယ်ကွင်းများ၊ ကိုင်းတောနှင့် တောင်ကုန်းများတွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

1

မီးလောင်မှုဖြစ်ပွားရာသို့ တောင်ပြိုလက်ဝဲ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

MDN