ကြာအင်းဆိပ်ကြီး ၂၆ ဧပြီ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ သုံးမွှာပူးကလေးနှင့် မိခင်အား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။
အဆိုပါ သုံးမွှာပူးကလေးငယ်များကို ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အမှတ်(၃)ရပ်ကွက် ကံ့ကော်လမ်းသွယ်(၁)မှ ဦးသန်းဌေးနှင့် ဒေါ်သန္တာဦးတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှင့်မိခင်အား အာဟာရနှင့်ဆေးဝါးများ သုံးစွဲအဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ ကျပ် ၅ သိန်းကို ကလေးနှင့်မိခင်ထံပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦးပြန်/ဆက်


