စဉ့်ကူး ၂၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ) ဝက်၊ ဆိတ်မွေးမြူရေး ကျေးရွာစီမံချက် မြကန်သာကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီသို့ ရင်းနှီးမတည်ငွေ ကျပ်သန်း (၃၀) ရန်ပုံငွေ လွှဲအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်က ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က မြကန်သာကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦမောင်ကျော်ထံသို့ ရင်းနှီးမတည်ငွေ ကျပ်သန်း (၃၀) ကိုလွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်ဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦစီးမှူး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြကန်သာ ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်းများ တက်ရောက်ကြကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


