ထားဝယ် ၂၆ ဧပြီ
နိုင်ငံတော်သမ္မတ၏ ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၅၅ ဦးကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထို့နောက် ထားဝယ်အကျဉ်းထောင် အပြင်ဘက်တံခါးအဝင်ဝတွင် မိဘ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေးမျိုးသားချင်းများက လွတ်ငြိမ်းသက်သာခွင့်ရရှိသူများကို ဝမ်းပန်းတသာဖြင့် လာရောက်ကြိုဆိုလျက်ရှိသည်။
လွတ်ငြိမ်းသက်သာခွင့်ရသူအများစုမှာ မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးချစ်လွင်ထံမှ သိရှိရသည်။
ကျော်ကျော်လတ်(IPRD)


