ရန်ကုန် ဧပြီ ၂၆

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက်ခဲ့ကြသည်။

 

mdn

 

အစည်းအဝေးတွင် စင်ကာပူနိုင်ငံမှ BOT စနစ်ဖြင့် ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင် နေရာတည် ဆောက်ခြင်းလုပ်ငန်းအား ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းသည် ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၉၀ ဒသမ ၁၂၄)သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၇၆)ဦး ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

(သတင်းစဉ်)

 

mdn