တာချီလိတ် ၂၆ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ရှိသူများနှင့် စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များ ယနေ့နံနက် ၁၀ နာရီတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူများများနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၅ ရက်က စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ဆိုင်ရှေ့ဆိုင်းဘုတ်တွင် ကြေညာ ထားသော ဈေးနှုန်းနှင့် အမှန်တကယ်ရောင်းချနေသော ဈေးနှုန်းများကွာဟနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ယခုကဲ့သို့ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် ဆိုင်အဝင် ဆီဈေးကြေညာဆိုင်းဘုတ်ကို သတ်မှတ်နှုန်းထားအတိုင်း ဖော်ပြပြီးရောင်းချရန်နှင့် သတ်မှတ်နှုန်းထားထက်လျှော့၍ ရောင်းချနှိုင်သော်လည်း သတ်မှတ်နှုန်းထားထက် ပိုမရောင်းရန် တပြေးညီရောင်းချကြရန် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင်ရှိပြီး ယခုကဲ့သို့ခေါ်ယူ တွေ့ဆုံဆွေးနွေးရခြင်းမှာ ပြည်သူများ ဈေးနှုန်းမှန်ကန်သက်သာစွာ ဝယ်ယူသုံးစွဲနှိုင်ရေးအတွက်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


