ကျောက်ဖြူ ၂၇ ဧပြီ 

 

ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခြံဝန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းအောင် နေအိမ်ရှေ့ ပေ(၂၀)ခန့်အကွာ သရက်ပင်အောက်တွင် အလျား(၆)လက်မ၊ အချင်း(၅) လက်မခန့်ရှိသော အလေးချိန် တစ်ပိဿာခွဲခန့်ရှိ PPC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်ခုအား ယမန်နေ့၊ နံနက်ပိုင်းက  မောင်ဘုန်းမြတ်ဟိန်းမှတွေ့ရှိပြီး ထိုအရာအားကောက်ကိုင်နေစဉ် ခရိုင်ထွေအုပ်စာရေး ဦးကျော်သူက တွေ့ရှိသဖြင့် မကိုင်ရန် ဟန့်တားခဲ့သည်။ ထိုနောက် တာဝန်ရှိသူများက အများပြည်သူများ ထိခိုက်မှုမရှိစေရေး Police Line တားထားလျက်ရှိသည်။

 

အဆိုပါလက်လုပ်မိုင်းအား စအရ(၉၁၉)မှ ဗိုလ်ကြီး သက်နိုင်ထွန်း ဦးဆောင်ကာ မိုင်းရှင်းလင်းရေးအဖွဲ့မှ စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့ပြီး ၎င်းမိုင်းနှင့် စပ်ဆက်ပစ္စည်းများအား စအရ(၉၁၉) မှ သိမ်းဆည်းယူဆောင်သွားပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်

 

IMG-173e91