မန္တလေး ၂၇ ဧပြီ

 

QR Code System ဖြင့် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်အလုပ်လျှောက်ထားနိုင်မည့်  MDY Digital CV Job Fair ကို ပထမဆုံးအကြိမ်အဖြစ် မေ ၅ ရက်တွင်  မန္တလေးမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း MyJobs မှ သိရသည်။

 

မန္တလေးမြိုတွင် ၂၀၁၆ ခုနစ်မှစပြီး တစ်နှစ်လျှင် ၂ ကြိမ် အလုပ်အကိုင်ပြပွဲများကို ကျင်းပပေးလျက်ရှိပြီး ယခုအခါတွင် ပထမဆုံးအကြိမ်အဖြစ် Digital CV ပုံစံဖြင့် ကျင်းပပေးမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြပွဲတွင် Coca-Cola Myanmar၊  Haymarn Capital၊ Myanmar Awba Group၊  Pocari Sweat တို့အပါအဝင် ကုမ္ပဏီပေါင်း ၂၀ ကျော်ပါဝင်မှာဖြစ်ပြီး လစ်လပ်အလုပ် နေရာပေါင်း ၅၀ဝ ကျော်ကို ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

 

အလုပ်လာရောက် လျှောက်ထားသူများ လွယ်ကူအဆင်ပြေစေရန် QR Code System ဖြင့် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်အလုပ်လျှောက်ထားနိုင်အောင် စီစဉ်ပေးထားမည်ဖြစ်သည်။ QR Code အသုံးပြု၍ လျှောက်ထားပုံအဆင့်ဆင့်ကိုလည်း ပြပွဲမတိုင်ခင် လူမှုကွန်ရက် MyJobs Facebook page မှတစ်ဆင့် ရှင်းပြပေးသွားမည်သကဲ့သို့ ပြပွဲနေ့တွင်လည်း MyJobs CV Help Center မှ ကူညီပေးသွားမည် ဖြစ်သည်။

 

အွန်လိုင်းပေါ်မှတစ်ဆင့် အလုပ်လျှောက်ထားနိုင်စေရန် Job Seeker များ ယူဆောင်လာမည့်  CV Hardcopy များကို Digital CV အဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ပြပွဲအတွင်း ပေးထားသည့် အခမဲ့ WiFi ကိုအသုံးပြု၍ အွန်လိုင်းပေါ်မှတစ်ဆင့် လျှောက်ထားလိုသော ကုမ္ပဏီများစွာကို တစ်နေရာတည်းတွင် လျှောက်ထားနိုင်မည် ဖြစ်သည်။

 

အလုပ်အကိုင်ပြပွဲတွင် Sustainable and Successful Career၊ 'Education for Career Enhancement၊ Career for Future Myanmar ၊ စေတနာနဲ့ အတွေ့အကြုံသာ အောင်မြင်ဖို့ အတွက် လမ်းစဉ်ပါ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

MDY Digital CV Job Fair ကို ၇၈ လမ်း x လမ်း ၃၀ ကြားရှိ  Hotel Marvel Mandalay တွင် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 အိမို့မို့ခိုင်