ဒီးမော့ဆို ၂၇ ဧပြီ

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နွေရာသီရေရှားပါးသည့် ကျေးရွာများသို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များတို့၏ အစီအစဉ်ဖြင့် ယနေ့ နံနက် ၁၁ နာရီတွင် သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးလျက်ရှိသည်။

 

အဆိုပါ သောက်သုံးရေများ လှူဒါန်းပေးခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဟိန်းဝေစံ ကုမ္ပဏီတို့ ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေ့ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

mdn

 

သောက်သုံးရေ သွားရောက်လှူဒါန်းပေးရာတွင် လွိုင်ကော်ခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွှန့်ဇော်နှင့် ဝန်ထမ်းများတို့ ပါဝင်ကြပြီး ဒေါဆိုရှေ့ကျေးရွာနေ ဒေသခံပြည်သူများအတွက် သုံးသောက်ရေ ရေဂါလံ (၁၂၀ဝ)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

             

ကြီးဒဲရယ်