တာချီလိတ် ၂၈ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာတွင် ဧပြီ ၂၃ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် စန်းလုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် နေအိမ်များအတွက် တပ်မတော်မှ အိမ်မိုးသွပ်ပြားများ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂၇ ရက်တွင် အဆိုပါကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦးက စန်းလုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် သွပ်ပြားအချပ် (၅၀)နှင့် လေဘေးသင့် နေအိမ် (၁၀)လုံးအတွက် သွပ်ပြားအချပ် (၅၀) စုစုပေါင်း သွပ်ပြား(၁၀ဝ)ချပ်ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သတင်းရရှိသည်။
MDN


