ရေတာရှည် ၂၈ ဧပြီ

 

တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် နွေစပါးစိုက်တောင်သူများ အနေဖြင့် ရိတ်သိမ်းခြွလှေ့စက်များ တစ်ဦးနှင့်တစ်ဦးအပြိုင် ဈေးလျော့ရိတ်သိမ်းကြခြင်းကြောင့် တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

22.22

 

“ယခင်နှစ်ကဆိုရင် စပါးတစ်ဧကကို ငါးသောင်း လေတိုက်ပြီးလဲနေတဲ့ စပါးဆိုလျှင် ကျပ်ခြောက်သောင်းအထိ ပေးရတယ်။ အဲ့ဒါတောင်မှ ကိုယ်ရိတ်ချင်တဲ့အချိန် မရိတ်ရလို့ မိုးမိပြီး အလေလွင့်တွေများတယ်။ ဆုံးရှုံးမှုလည်းများကြတယ်၊ ယခုနှစ်ကျတော့ စပါးတစ်ဧကကို လေးသောင်းပဲပေးရပြီး လဲနေတဲ့ စပါးတောင်မှ လေးသောင်းငါးထောင်ပဲပေးရတယ်။ ရာသီဥတုကလည်း ခုထိမိုးမရွာတော့ တောင်သူတွေအနေနဲ့ ခြောက်ခြောက်သွေ့သွေ့ ရိတ်ရတော့ အလေလွင့်လည်းနည်းတယ်။ စပါးရိတ်တဲ့စက်တွေများလာလို့ စောစောပြီးလို့ မိုးစပါးလည်း အချိန်မီစိုက်ပျိုးနိုင်အောင် ပြင်ဆင်ချိန်လည်းရှိလို့ အဆင်ပြေတယ်"ဟု ဘိုးတော်ကုန်းကျေးရွာမှ လယ် (၁၅)ဧက စိုက်ပျိုးသော တောင်သူ ဦးတိုးထံမှ သိရသည်။

 

ရေတာရှည်(ပြန်/ဆက်)