ရေတာရှည် ၂၈ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အာဆီယံသပြေစိုက်ပျိုးသူ ပိုမိုများများလျက်ရှိပြီး အရောင်းအဝယ် ကောင်းမွန်သည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဘိုးတော်ကုန်းကျေးရွာအုပ်စုအတွင်းမှ အောင်းကုန်း၊ ပီတူး၊ ဝါးရုံတော၊ နတ်ရေတွင်းကျေးရွာနှင့် ဘိုးတော်ကုန်းကျေးရွာများ၌ အများအပြား စိုက်ပျိုးလျက်ရှိကြသည်။ "ဒီဘက်ကမြေတွေက လယ်စိုက်ဖို့မြေက သိပ်မကောင်းတော့ အာဆီယံသပြေကို စမ်းစိုက်ကြတာ အခုတော့ စိုက်တဲ့သူအတော်များနေပြီ။ သပြေ (၁)ဧကစိုက်ပျိုးလျှင် (၆)လအကြာမှာ နေ့စဉ်ပုံမှန်ဝင်ငွေ အညွန့်ဖြတ်ရောင်းတာ ၁၅၀ဝဝ ခန့် ဝင်ငွေရှိပြီး မိသားစုနှင့်လည်းအတူ အိုးမကွာအိမ်မကွာ နေရတယ်။ စားဝတ်နေရေး အဆင်ပြေတယ်"ဟု ပီတူးကျေးရွာနေ သပြေစိုက်ပျိုးသူ ဦးမောင်ရှိန်က ပြောပြသည်။

 

ရေတာရှည်(ပြန်/ဆက်)