ရေစကြို ၂၈ ဧပြီ

 

ရေစကြိုမြို့ မြို့နယ်မီးသတ်စခန်းမှ တောင်ဦးကျေးရွာအုပ်စု ခံစပ်တောကျေးရွာရှိ စက်ရေတွင်းတွင် ရေစက်ပျက်နေ၍ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ နံနက် ၇ နာရီခွဲက သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့သည်။

 

21530

 

ထိုသို့သွားရောက်လှူဒါန်းရာတွင် ရေစကြိုမြို့ မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့က ခံစပ်တောကျေးရွာရှိ အိမ်ခြေ(၂၇၄)၊ အိမ်ထောင်စု(၂၇၉)၊ လူဦးရေ (၁၉၆၀)ဦးခန့်အတွက် သောက်သုံးရေ ဂါလန် (၁၈၀ဝ)အား စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

နွယ်နွယ်အောင် (ပြန်/ဆက်)