ရေတာရှည် ၂၈ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်းရှိ ယာသီးနှံစိုက်ပျိုးသော တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်ဖြင့်တင်ကာ မိုးကြိုပြောင်းများ ယခုအခါ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြင်တွေ့ခဲ့ရသည်။
ယခင်နှစ်က တစ်တင်းလျှင် ကျပ် ၇၀ဝဝ ပေါက်ဈေးရရှိခဲ့သည့် ပြောင်းဈေးကွက်ကြောင့် ယခုနှစ်တွင် ပိုမိုစိုက်ပျိုးနိုင်မည်ဟု ထင်ရကြောင်း ဥသျှစ်ပင်ကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“ပြောင်းက အခြားသီးနှံတွေလို ကထိကမ သိတ်မများဘူးဗျ။ ခုလိုနေအပူချိန် အရမ်းပြင်းတဲ့အချိန်မှာ ရေမှန်မှန်သွင်းပေးဖို့ပဲလိုတယ်၊ ဓာတ်မြေတော့ နည်းနည်းသုံးရတာရှိတယ်။ အခြားသီးနှံတွေဆို သွင်းအားစုစရိတ်ပိုများတယ်၊ မနှစ်က ဈေးလောက်ရရင်မဆိုပါဘူး၊ တောင်သူတွေ စိုက်ပျိုးသင့်ပါတယ်၊ အဓိကအားဖြင့် တရုတ်ဈေးကွက်ဝယ်လိုအားကို တည်မှီတယ်ဆိုပေမယ့် ပြည်တွင်းမှာလဲ ဖြုန်းအားကောင်းတော့ သိပ်ပူစရာမလိုဘူးလေ”ဟု အထက်ပါ တောင်သူကပင် ဆက်ပြောသည်။
စစ်တောင်းမြစ်ကြောင်းတစ်လျှောက်ရှိ ဇေယျသိမ်၊ အေးကြီး(အထက်)၊ အေးကြီး(အောက်)၊ ဥသျှစ်ပင်၊ ဇီးဖြူတန်း၊ ဘုရားကုန်း၊ မြို့လှ၊ သဲကော၊ စိမ့်ရွာ အစရှိသည့် ကျေးရွာအသီးသီးရှိ ဒေသခံတောင်သူအများအပြား စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
ကိုလွင်(ဆွာ)


