ရသေ့တောင်  ၂၈ ဧပြီ 

 


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ရသေ့တောင်မြို့နယ်အတွင်း ကလေးပျော်ကျောင်းစီမံချက် မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က(၁) ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ddd

 


အခမ်းအနားတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဦးသန်းလှိုင်က ကလေးပျော် ကျောင်းစီမံချက်သည် ပညာရေးဝန်ကြီဌာနနှင့် UNICEF တို့ ပူးပေါင်းကာ ကျောင်းနေအရွယ် ကလေးများကို ဗဟိုပြုသည့် စနစ်ဖြစ်ကြောင်းနှင့် ဆရာ/ဆရာမများ၏ သင်ကြားမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေးအတွက် ရည်ရွည်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ee

 


သင်တန်းကို သင်တန်းဆရာ (၁၃)ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမ (၁၆၂)ဦး တက်ရောက်သင်ကြားမည်ဖြစ်ရာ သင်တန်းကာလမှာ (၁၀)ရက်တိတိဖြစ်ကြောင်း သိရသည်။

 


မြို့နယ်(ပြန်/ဆက်)
 

 

dsd