ရေကြည်  ၂၈ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ နယ်မကျီးလဟာကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၇ နာရီက ငဝန်တာမိုင် ၅၉/၅ နှင့် ၅၉/၆ ကြား တာတုံးပြိုကျပျက်စီးပြီး တာနောက်တွင် ဖြတ်တာတစ်ခုကို စက်ယန္တရားများဖြင့် အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်နိုင်ထံမှ သိရသည်။

 

23237

 

ယခုဆောင်ရွက်လျက်ရှိသော ဖြတ်တာမှာ အလျား (၆၆၀)ပေ၊ ထိပ်အကျယ် (၁၂)ပေ၊ ပျမ်းမျှ အမြင့်  (၂၀)ပေခန့်နှင့် လမ်းအနိမ့်အမြင့်အလိုက် အောက်ခြေခံ (၁၁၀) ပေရှိကြောင်း၊ အရေးပေါ် ဖြတ်တာတစ်လုံး ဆောင်ရွက်နေမှုအား ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်တွင် ဘက်ဖိုး (၂)စီး၊ ရေဘောက်ဆာကား (၁)စီး၊ မြေသယ်ကား (၅)စီး၊ ဒိုဆာ (၁)စီးတို့ဖြင့် မိုးရာသီကာလအချိန်မီရန် ဌာနမှ ဆောင်ရွက်နေကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)