မြောက်ဦး  ၂၈ ဧပြီ

 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အလိုတော်ပြည့်ဘုန်းကြီးကျောင်း၊ အောင်မြေဗောဓိဓမ္မရိပ်သာ၌ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

ိိိိိ

 

 

အခမ်းအနားတွင် တက်ရောက်လာသော အသက် ၉၀ နှစ်နှင့်အထက် ကန်တော့ခံ အဘိုးအဘွား ၃၁ ဦးတို့အား အလှူရှင်များမှ တစ်ဦးလျှင် ငွေကျပ် ၂၅၀ဝ၀၊ အိုဗာဒင်း၊ ငှက်သိုက်နှင့် အဟာရဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး မတက်ရောက်နိုင်သော အဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက် ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အခမ်းအနားသို့ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြောက်ဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကြက်ခြေနီ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်လူငယ်များ တက်ရောက်ခဲ့ကြသည်။

 

 

MDN

 

ိိိိ