နေပြည်တော် ၂၈ ဧပြီ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မပျိုးဉယျာဉ်အားကြည့်ရှုစစ်ဆေးပြီး မြို့မပျိုးဥယျာဉ်တည်ရှိရာ ရုက္ခဥယျာဉ်အတွင်း ပေါက်ရောက်လျက်ရှိသည့် သစ်မျိုး များအား စာရင်းကောက်ယူရန်၊ လေ့လာသူများလွယ်ကူစေရန်အတွက် ရုက္ခ ဥယျာဉ်အတွင်းရှိသစ်ပင်များ၏ သစ်မျိုးအမည်နှင့် ရုက္ခဗေဒအမည်များချိတ်ဆွဲ ထားရှိရန်၊ ရုက္ခဥယျာဉ်အား အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ လူထုဖြန့်ပျိုးပင် များအားစိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျဖြန့်ဖြူးရန်၊ ပျိုးပင်များ မဖြန့်ဝေမီကျန်းမာကြံ့ခိုင် သန်စွမ်းသည့် ပျိုးပင်များဖြစ်စေရေးအတွက် Hardening Process ဆောင်ရွက်ရန်၊ နှစ်ချို့ပျိုးပင်ကြီးများအားပျိုးအိတ်ကြီး များဖြင့် ပြောင်းထည့်ရန်တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရွှေကျပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး ရွှေကျပျိုးဥယျာဉ်အတွင်း ယခုထက်သစ် မျိုးများစုံလင်အောင် ဦးစီးရုံးချုပ်ပျိုးဥယျာဉ်နှင့် ချိတ်ဆက်၍ ထပ်မံတိုးချဲ့ပျိုး ထောင်ထားရှိရန်၊ ပျိုးအိတ်ကြီးပျိုးပင်များကို အပူဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိအောင် စနစ်တကျပြုစု ထိန်သိမ်းရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ပသီရိမြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ခုနှစ်များအတွင်း တည်ထောင်စိုက်ပျိုးခဲ့သည့် မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်၍ တည်ထောင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းများ ရှင်သန်အောင်မြင်မှုနှင့် ပြုစုထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေများကို ကြည်ရှုစစ်ဆေးသည်။
ယင်းနောက် ၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် တည်ထောင်စိုက်ပျိုးမည့် စိုက်ခင်းအတွက် မြေနေရာရှင်းလင်းပြင်ဆင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးပြီး သစ်ပင်များ သေကြေပျက်စီးမှုမရှိစေရန် စနစ်တကျပြုစုထိန်းသိမ်းရန်၊ အပူဒဏ်ကြောင့် သေကြေပျက်စီးသည့် အပင်များကိုယခုမိုးရာသီတွင် သက်တမ်း တူပျိုးပင်များဖြင့်ဖာထေးစိုက်ပျိုးရန်၊ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ဆောင် ရွက်မည့်မြေနေရာအား မြေရှင်းလင်းရာတွင် အပေါ်ယံမြေဆီလွှာများ မဆုံးရှုံးအောင် မြေညှိခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်၊ အပင်စိုက်ပျိုးရန် ကျင်းတူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက လိုအပ်သည့်မြေသြဇာဖြည့်တင်းခြင်း ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်သို့ ဆက်လက်ထွက်ခွာ၍ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၁၄/၅နှင့် ၂၁၄/၆ အကြားရှိငလိုက်ပျိုးဉယျာဉ်အားကြည့်ရှုစစ်ဆေး၍ လူထုဖြန့်ဝေခြင်း ဆောင်ရွက်ရာတွင် ယခုနှစ်ပျိုးပင်ထက် ယခင်နှစ် ပျိုးထောင်ထားသည့် သက်တမ်းရင့် ယူကလစ်၊ မယ်ဇလီပျိုးပင်ကြီးများအားဖြန့်ဝေရန်၊ ပျိုးအိတ်သေးများဖြင့် ပျိုးထောင်ထားရှိသည့် သက်တမ်းရင့်ပျိုးပင်များအား ပျိုးအိတ်ကြီးများဖြင့် ပြောင်းရွှေ့ပြုစုပျိုးထောင်ရန်၊ မိုးကျသည့်နှင့် တပြိုင်နက် ပျိုးပင်များအားစိုက်ပျိုး လိုသည့်ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေနိုင်ရေးလိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


