မန္တလေး ၂၉ ဧပြီ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးဦးမျိုးသစ်တို့သည် ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် အကွက်(၈၅၃)ရှိ စီပါဓမ္မာရုံတွင် ဖွင့်လှစ်ထားသော မီးဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မီးဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် အကွက်(၈၅၃)တွင် ဧပြီ ၂၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၃၂)အိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၄၈ စု၊ ကျား ၁၁၁ ယောက်၊ မ  ၁၁၃ ယောက် စုစုပေါင်း ၂၂၄  ယောက် မီးဘေးသင့်ခဲ့ရသည်။

 

တင်မောင်(မန်းကိုယ်ပွား)