ခန္တီး ၂၉  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ခမောင်းကျေးရွာနှင့် မက်ထောင်ကျေးရွာတို့ရှိ ကျေးရွာနေ ပြည်သူများ စားသောက်ရေး အခက်အခဲမဖြစ်စေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန်အိတ်၊ ပဲ၊ ဆားများကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခမောင်းကျေးရွာသည် ခန္တီးမြို့မှ(၈၆)မိုင်အကွာတွင် လည်းကောင်း၊ မက်ထောင်းကျေးရွာသည် (၉၁) မိုင်အကွာတွင် လည်းကောင်းတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် စိုက်ပျိုးသော တောင်ယာစပါးသီးနှံများသည် သီးနှံဖျက်ပိုးများ ကျရောက်နေမှုကြောင့် အထွက်နှုန်းကျဆင်းပြီး ဝမ်းစာဖူလုံမှု အခက်အခဲများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိရာသိရှိရသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ခမောင်းကျေးရွာနှင့် မက်ထောင်းကျေးရွာတို့မှ အိမ်ထောင်စု ၉ဝ အား အိမ်ထောင်စုတစ်စုလျှင် (၂၄)ပြည်ပါ ဆန်အိတ် တစ်အိတ်၊ ပဲ နှစ်ပြည်၊ တစ်အိတ်လျှင် ဆား ၅ဝ ကျပ်သားပါ ဆားအိတ် သုံးအိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

naga -1(