ပုသိမ် ၂၉ ဧပြီ
၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန် မောင်မယ်(၁၇၈)ဦးအား ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် လူရည်ချွန်စခန်း (ငွေဆောင်)သို့ လေ့လာရေးခရီး ပို့ဆောင်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်သို့ လူရည်ချွန်မောင်မယ်များ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုသိမ်မြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များသည် မွန်းလွဲ(၁)နာရီ၌ ပုသိမ်ဟိုတယ်မှ ငွေဆောင်လူရည်ချွန်စခန်းသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


