ခင်ဦး ၂၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးဖွင့်လှစ်သော ဆံထုံး၊ မိတ်ကပ် အလှပြင်သင်တန်းကို ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က အလှပြင်သင်တန်းကို အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှင်အမျိုးသမီးများကို သင်ကြားပေးမှာဖြစ်ကြောင်း၊ အိမ်ထောင်သည်များ အနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိစေရန်၊ အိမ်ထောင်ရှင် အမျိုးသမီးများအနေဖြင့် ဖြစ်သလိုနေထိုင်ခြင်းမပြုဘဲ အများအမြင်တွင် တင့်တယ်သန့်ရှင်းစွာဖြင့် နေထိုင်ဆောင်ရွက်တတ်စေရန်၊ ပွဲလမ်းသဘင်များ သွားလာရာတွင်လည်း မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်ကျင်ရှိ အမျိုးသမီးများကို အလှပြင်ဆင်တတ်သဖြင့် ငွေကုန်ကြေးကျ သက်သာမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းကို မိမိကိုယ်တိုင် အလှပြင်တတ်ရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အနှစ်ချုပ်အနေဖြင့် မိမိကိုယ်တိုင် လှပစွာ ပြင်ဆင်သကဲ့သို့ မိမိနေထိုင်သည့် နေအိမ်နှင့် ပတ်ဝန်းကျင်းကိုလည်း သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ကြစေကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသူ ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာ သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


