ဘားအံ ၂၉ ဧပြီ
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်တွင် လိုအပ်လျှက်ရှိသော သောက်ရေနှင့် သုံးရေများကို ကရင်ပြည်နယ် တရားလွှတ်တော်နှင့် စေတနာရှင်များစုပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးကျော်ဝင်းမောင်၊ ပြည်နယ်တရားသူကြီးဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားရေး ဦးစီးမှူး (ညွှန်ကြားရေးမှူး)ဒေါ်စိုးဉာဏ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဘားအံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်များ သွားရောက်ပြီး သောက်ရေသန့်(၂၀)လီတာဝင် ဘူးကြီး(၆၀ဝ) ဘူး (၁၂၀ဝ၀ လီတာ) နှင့် သုံးရေ (၁၆၀ဝ၀) ဂါလန်အား လှူဒါန်းရာ ကရင်ပြည်နယ် အကျဉ်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ထောင်တာဝန်ခံ အရာရှိ ဦးဇော်မင်းအောင်တို့က လက်ခံခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


