ရန်ကုန် ၂၉ ဧပြီ 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကျင်းပသည့် မြန်မာနိုင်ငံတွင် လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီတွင် ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။

 

0330

 

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် Mr. Masayuki Karasawa ၊ Chief Representative of JICA Myanmar Office က ဝမ်းမြောက်စကား ပြောကြားသည်။

 

ထို့နောက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် Mr.Massyuki Karasawa ၊ Chief Representative of JICA Myanmar Office တို့က သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီး စာချုပ်အား အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။  

 

(သတင်းစဉ်)