ညောင်ဦး ၂၉ ဧပြီ 

 


ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့် ဆင့်တို့အား ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့မှ မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်းဦးမြို့သို့ ပင့်ဆောင်ပူဇော်ခံသည်။

 


 

ိ်

 


စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့အား ယနေ့နံနက်ပိုင်းက မကွေးမြို့ မကွေးမြသလွန်စေတီတော်ရင်ပြင်ရှိ မဟာဝိဇယရံသီ တန်ဆောင်း၌ ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင် ရွတ်ဖတ်ပူဇော်ကြပြီး ဆရာတော်သံဃာတော်များအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

 


စကျင်ဗုဒ္ဓရုပ်ပွားတော်များအား မကွေးမြို့မှ ညောင်ဦးမြို့သို့ ပင့်ဆောင်ပူဇော်ရာ လမ်းတစ်လျှောက်တွင် ရဟန်းရှင်လူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊  ဒေသခံပြည်သူများက မိမိတို့မြို့နယ် ကျေးရွာများတွင် စည်းကားလှိုက်လှဲစွာဖြင့် ကြိုဆိုဖူးမြော်ကြပြီး စေတီတော်ကြီး တည်ထားကိုးကွယ်ရေး အလှူငွေများ လှူဒါန်းကြသည်။

 


 

တ

 


ထိုမှတစ်ဆင့် ပုဂံ-ညောင်ဦးမြို့သို့ ရောက်ရှိရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြိုဖများ၊ ဝတ်အသင်း အဖွဲ့များက ညောင်ဦးမြို့တွင် ကြိုဆိုဖူးမြော်ကြပြီး အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော် မြတ်ကြီးရင်ငွေ့လှုံကာ မဟာဝေဇယန္တာဓမ္မဗိမာန်ရှေ့ ယာယီစံကျောင်းတွင်  ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် ပူဇော်ခံထားရှိသည်။



 

တတ


ညပိုင်းတွင် ညောင်ဦးမြို့ ရွှေစည်းခုံဘုရားဝင်း ဝေဇယန္တာဗိမာန်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်ရာ ရဟန်းရှင်လူ ပြည်သူများက တရားတော်ကို ရိုသေစွာ နာယူကြည်ညိုကြသည်။ 

 


(ဟန်လင်းနိုင်)