နေပြည်တော် ၂၉ ဧပြီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၊ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ မောင်းသူမဲ့လေယာဉ် Drone နှင့်ပတ်သက်၍ ဝန်ဆောင်မှုဆိုင်ရာ အသုံးပြုနိုင်ပုံများကို ဗွီဒီယိုဆလိုက်ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Investment Forum များ၊ Seminar များတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာများကို Drone ဖြင့် ရိုက်ကူးပြသပြီး ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်နိုင်ရေး၊ ဂျပန်နိုင်ငံ နာဂိုယာမြို့နှင့် မြန်မာနိုင်ငံ တောင်ကြီးမြို့တို့အား ညီအစ်မမြို့တော်အဖြစ် ဆောင်ရွက်နိုင်ရေးနှင့် နောင်အနာဂတ်တွင် လုပ်ငန်းများ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


