ဧပြီ ၃၀ ထန်ပါခွေ


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ် ထန်ပါခွေမြို့တွင် ဧပြီ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ရွာမပိုင်းရှိ အိမ်ခြေ(၅၀) ခန့်သောက်သုံးရေ ပြတ်လပ်လျှက်ရှိကြောင်း သိရသဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေ ပြည်သူများ နှင့်အတူ  ရေသွယ်တန်းသည့် နေရာတို့ကို လိုက်လံစစ်ဆေးခဲ့ကြသည်။

 

1


ထိုသို့ စစ်ဆေးရာတွင် မြိုနှင့် ၃ မိုင် ၄ ဖာလုံတွင် တစ်နေရာ၊ ၅ မိုင်၂ ဖာလုံတစ်နေရာတို့တွင် ရေပိုက်များကွဲခြင်း၊ ပိုက်ဆက်များ ပြုတ်ထွက်ခြင်း၊ အမှိုက်များပိတ်ဆို့နေခြင်းတို့ကြောင့် သောက်သုံးရေပြတ်ခဲ့ရကြောင်း သိရသဖြင့် ဧပြီ ၂၉ရက် နံနက်ပိုင်းတွင် ပြုပြင်ရှင်းလင်းခဲ့ရာ မွန်းလွဲ ၃နာရီအချိန်တွင် ရေများပြန်လည်ရရှိခဲ့ပြီး ရေပြတ်နေသည့် နေရာများသို့ အချိန်မီ ပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။


ဇာနည်ထွန်း(ပြန်/ဆက်)