နေပြည်တော် ၃၀ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs Suphatra Srimaitreephithak အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းစီမံကိန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)


