နေပြည်တော် ၃၀ ဧပြီ
ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး အလုပ်အမှုဆောင်အဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။
အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး)က Update on Progress of Migrant Health Agenda in Myanmar ၊ IOM Senior Migration Health Program Coordinator Dr. Patrick Almeida က Summary of Project Findings and Policy Recommendations ၊ ဒေါက်တာကျော်ဦး IOM Consultant က Finding of Census and MDHS data review and KII. Recommendation on Migrant Health Policy in Myanmar တို့ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)


