နေပြည်တော် ၃၀ ဧပြီ 

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့်ပတ်သက်၍ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ Capacity Building Programme အား ပူးပေါင်းဆောင်ရွက်ရေး၊ တောမီးလောင်ခြင်းနှင့် သစ်တောနယ်မြေများ စောင်ကြပ်ကြည့်ရှုရာတွင် မောင်းသူမဲ့လေယာဉ် (Drone) ကိုအသုံးပြု၍ ကြိုတင်ကာကွယ်နိုင်ရေး၊ လိုအပ်သောဧရိယာများအတွက် မြေပုံရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။  

 


(သတင်းစဉ်)