ကျောက်ပန်းတောင်း ၃၀ ဧပြီ  

 


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရေရှားပါးသောကျေးရွာများသို့   ဘော်လန်တီရာဂရုမှ ရေလှူဒါန်းလျက်ရှိရာ ရေလှူဒါန်းမှုအခေါက်ရေ (၁၅၀)ပြည့်သွားပြီဖြစ်ကြောင်း ဘော်လန်တီယာဂရု လူမှုရေးအသင်း ဥက္ကဋ္ဌ ဦးဌေးအောင်ထံမှ သိရသည်။

 

sss

 


ကျောက်ပန်းတောင်းမြို့နယ်   ရေရှားပါးသည့်ကျေးရွာများဖြစ်သော   ရွာလု၊ ပေါက်သစ်၊ ရိုးခြားကျေးရွာများသည် စက်ရေတွင်းမရှိခြင်း၊ သောက်ရေကန်မှာလည်း ရေခန်းခြောက်သွားခြင်းကြောင့် ရေအခက်ခဲဖြစ်ပေါ်လျက်ရှိရာ ဘော်လန်တီယာဂရု လူမှုကူညီရေးအသင်းမှ ပြည်သူတို့၏  လှူဒါန်းငွေဖြင့် သွားရောက်လှူဒါန်းခြင်း၊ အလှူရှင် မရှိသည့်ရက်များတွင် အသင်းမှရန်ပုံငွေဖြင့် လှူဒါန်းပေးလျက်ရှိသည်။ 

 


ထို့အပြင် ညောင်ဦးမြို့နယ် တက်မကျေးရွာ၊ ညောင်ပင်သာတဲတိုက်နှင့် ကျောက်ပန်းတောင်းမြို့နယ် ကန်သာယာ၊ ယာကြီးတော၊ လွင်ပင်ကုန်း၊ အနောက်အင်တိုင်း၊ တောင်ခြေကျေးရွာ၊ ကြံစို့ကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက် ရေပိုက်လိုင်းမရှိသည့် တမ္ပဝတီရပ်ကွက်၊ စံပြရပ်ကွက် အနောက်ခြမ်းများသို့လည်း သောက်ရေသုံးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 


အဆိုပါ ရေလှူဒါန်းခြင်းမှာ အခေါက်ရေ (၁၅၀)စီးမြောက် လှူဒါန်းခြင်းဖြစ်ပြီး ရေဂါလံ (၃၀ဝ၀)ဆံ့ကားဖြင့် သွားရောက်လှူဒါန်းကြောင်း ရေကားတစ်စီးဖိုးလျှင်   (၃၅၀ဝ၀)ကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

 


မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

 

sds