နေပြည်တော် ၃၀ ဧပြီ
တပ်မတော်စစ်ကြောင်းသည် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက်တွင် ဧပြီ ၂၈ ရက်က AA အဖွဲ့၏ ယာယီလေ့ကျင့်ရေးစခန်းနေရာ တစ်ခုအား တွေ့ရှိရှင်းလင်းခဲ့ရာ AA အဖွဲ့မှ အလောင်းများနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းသည် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀ဝ၀ ခန့် အကွာ၌ AA အဖွဲ့၏ ယာယီလေ့ကျင့်ရေးစခန်း နေရာတစ်ခုအား တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ AA အဖွဲ့မှာ အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားပြီး ယင်းနေရာတွင် အလောင်းများနှင့် ခဲယမ်းစပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကာ တန်းစီကွင်း ၂ ကွင်း၊ လူနေတဲ ၄၉ လုံးနှင့် ပစ်ကျင်းများပါဝင် သောယာယီလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းဆည်းရမိခဲ့ကြောင်း။
ယနေ့တွင် အဆိုပါနေရာအနိီးတစ်ဝိုက်အား အသေးစိတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ AA အဖွဲ့များ ကျင်းတူး၍ သိုဝှက်ထားသော ရိက္ခာပစ္စည်း များအား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အထဲတွင် WFP တံဆိပ်ပါ ဆန်အိ်တ် ၁၅ အိတ်နှင့် WFP တံဆိပ်ပါ ဆီဗူး ၃၈ ဗူး တို့ပါဝင်ကြောင်း သိရှိရသည်။
အထက်ပါရိက္ခာထုတ်များသည် စစ်ရှောင်စခန်းများအတွက် အလှူရှင်များက လှူဒါန်းထားသော ထောက်ပံ့ရေးပစ္စည်းဖြစ်ပြီး AA အဖွဲ့က ယင်းထောက်ပံ့ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရရှိသုံးစွဲနေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


