တောင်ပြိုလက်ဝဲ ၁ မေ


ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုလက်ယာ ကျေးရွာအုပ်စုရှိ လယ်မြေများပေါ်၌ ယမန်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး အနီးရှိ နယ်ခြားစောင့် ရဲကင်းစခန်းများအား ကူးစက်လောင်ကျွမ်းမည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တောင်ပြိုလက်ဝဲမြို့ နယ်မြေမီးသတ်စခန်းမှ ယာယီဦးစီး တပ်ကြပ်ကြီးသောင်းတင်ပါ တပ်ဖွဲ့ဝင် ၄ ဦးနှင့် အမှတ် ၆ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၀ ဦးကျော်တို့ ပူးပေါင်း၍ 3Q1914 မီးငြှိမ်းသတ်ယာဉ်နှင့် အသေးစား ရေစုပ်စက်တို့ အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN

 

1