မိတ္ထီလာ  ၁  မေ

 

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ  မီးဘေးသင့်ပြည်သူများအား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေးမြို့)မှ သောက်ရေသန့်၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ဧပြီ ၃၀ ရက်က အောင်စံပယ်နယ်မြေရှိ သာသနရက္ခိတဓမ္မာရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အောင်စံပယ်နယ်မြေ၌ ဧပြီ ၂၇ ရက် နံနက် ၄ နာရီ ၁၀ မိနစ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အိမ်ခြေ(၂၀)၊ အိမ်ထောင်စု (၁၇)စု လူဦးရေ (၉၇)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သောကြောင့် အဆိုပါရပ်ကွက်ရှိ သာသနရက္ခိတဓမ္မာရုံတွင် ယာယီနေထိုင်စေခဲ့ပြီး မီးဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် အဝတ်အထည်များအတွက် ဒေသခံပြည်သူများ၊ အခြားဒေသမှ စေတနာရှင်များက နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိကြောင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေးမြို့)က မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၈၁၄၈၁၀) ကျပ်ရှိ သောက်ရေသန့်ဗူး၊ ခေါက်ဆွဲ၊ မုန့်ထုပ်၊ ပဲဆီသန့်၊ အဝတ်အထည်၊ ပလတ်စတစ်ဇလုံ၊ ဖော့ဖျာ၊ ဖလား၊ စတီးသုံးဆင့်ချိုင့်၊ ခေါင်းအုံး၊ ပုကန်ပြား၊ ဟင်းစားဇွန်း၊ စတီးဇလုံ၊ ရေပုံး၊ စတီးသောက်ရေခွက် စသည့် ပစ္စည်းမျိုးစုံတို့ကို  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)