မြောင်းမြ   ၁  မေ


လူငယ်နှင့် စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက မြောင်းမြမြို့နယ် မြစန္ဒာရပ်ကွက်ရှိ မနောသုခ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စာဖတ်ကြပါစို့” အကြောင်းအရာများကို လည်းကောင်း၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်း မင်းထွဋ်က “စာကြည့်တိုက်မှ ဘဝအောင်မြင်ရေးဆီသို့” အကြောင်းအရာများကို လည်းကောင်း၊ ဦးဟန်ဖြူအောင် (စာရေးဆရာ မောင်ဖြူစင်)က “ပညာဘဏ်တိုက် စာကြည့်တိုက်” အကြောင်းအရာများကို လည်းကောင်း၊ မနောသုခ ဆန်စက်လုပ်ငန်းရှင် ဦးကိုကိုနိုင်က “မအားတဲ့ကြားက စာဖတ်ပါ” အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်က “လက်လှမ်းတမီ၊ စာဖတ်မည်” အကြောင်းအရာများကို လည်းကောင်း၊ Book Club ဥက္ကဋ္ဌ ဦးမော်မျိုးထွန်းက “နှလုံးသားလှဖို့ စာဖတ်ပါ” အကြောင်းအရာများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


စန္ဒာမိုး(ပြန်/ဆက်)