ပြည် ၁ မေ


(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်ခြောက်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုဝင်များက ဧပြီ ၃ဝ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ခုတင်(၅၀ဝ) အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းရေးပြုလုပ်၍ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

 

1


စုပေါင်းပြုလုပ်လှူဒါန်းခြင်းကို ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆေးရုံအုပ်ကြီးတို့က ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်တို့မှ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင် ဝန်ထမ်းမိသားစုများ စုစုပေါင်း ၂၆၉ ဦးတို့က ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ခြင်းနှင့် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသော လူနာများအတွက် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၇၆ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။


မျိုးကျော်ကြီး