ဖလမ်း ၁ မေ
ဖလမ်းခရိုင်အတွင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ခရိုင်ဘေးစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီထလဲန်ကြွယ်နှင့် ဖလမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့က လေဘေးသင့်ပြည်သူများထံသို့ ပေးအပ်သည်။
ဖလမ်းခရိုင်တွင် မတ် ၃၁ ရက်မှ ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် (၁၉၅)အိမ်၊ ဘာသာရေးအဆောက်အအုံ (၉)လုံး ပျက်စီးသွားသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် ၁၉၇၁၀ဝ၀ဝ နှင့် ငွေကျပ် ၁၂၈၁၅၁၉ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဂျွန်


