တာချီလိတ် ၁ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ လုပ်သားများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် ရွှေတိဂုံဘုရားရင်ပြင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ခရိုင်ပြည်သူ့ဆေးရုံတွင် စုပေါင်း၍သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံးမှ လုပ်သားများသည် ဒေါ်မီမီလွင်(မြို့နယ်တာဝန်ခံ) ဦးဆောင်မှုဖြင့် အင်အား(၇၀)ဦးပါဝင်သော လုပ်သားများသည် ယနေ့နံနက် ၆ နာရီက ရွှေတိဂုံဘုရားပေါ်တွင် သန့်ရှင်းရေးများ စုပေါင်းလုပ်ဆောင်ခဲ့ကြပြီး သန့်ရှင်းရေးပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိရိယာ ပစ္စည်းများအား လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နံနက် ၉ နာရီတွင် ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် လုပ်သားအင်အား ၁၆ ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


