ညောင်တုန်း ၁ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်သစ်တော ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်းပြီး ခွေးရူးပြန်ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆည်းမြောင်းလမ်းအတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်ဌေးနိုင်က ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးအကြောင်း၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံ၊ ရောဂါပိုးသည် ဗဟိုအာရုံကြောသို့ ရောက်ရှိသွားပါက ရောဂါကြောင့် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပုံအကြောင်းနှင့် ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေးအတွက် ဒေသခံပြည်သူများ၏ အိမ်မွေးခွေးနှင့် ကြောင်များအား ယခုလို ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများကို ထိုးနှံပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဌေးနိုင်နှင့် ဝန်ထမ်းများက ညောင်တုန်းမြို့နယ်အတွင်း မွေးမြူထားသော ခွေးနှင့် ကြောင်များ စုစုပေါင်း အကောင်ရေ (၃၀ဝ)အား ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)


