ရန်ကုန် ၁ မေ

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သော (၃)ကြိမ်မြောက် ၁ဝဝဝ ကျပ်တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

1

 

ထီဖွင့်ပွဲမစတင်မီ အောင်ဘာလေသိန်းဆုဌာနခွဲ တာဝန်ရှိသူများက အောင်ဘာလေထီလက်မှတ်များ ရောင်းချရမှုအခြေအနေ၊ ထီဆုမဲများ ခွဲဝေချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ထီဖွင့်ပွဲတွင် အသုံးပြုမည့် စည်များ၊ အက္ခရာများ၊ ဂဏန်းများကို တာဝန်ရှိသူများက စစ်ဆေး၍ ထီဖွင့်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် (၃)ကြိမ်မြောက် ၁ဝဝဝ ကျပ်တန် ထီဖွင့်ပွဲတွင် ကျန်းသိန်း ၁၅ဝဝဝ ဆုအပါအဝင် ဆုမဲ စုစုပေါင်း ၂၁၉၇၅၅ ဆု၊ ကျပ်သန်း ၁၆၅၉၅ ဒသမ ၅၀ဝ ကို ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ (၃)ကြိမ်မြောက် ၁ဝဝဝ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအခမ်းအနားသို့ ပြည်တွင်းအခွန်များဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ထီလုပ်ငန်းရှင်များ၊ ထီဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)