ခေါဇာ  ၁ မေ

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ်၊ ခေါဇာမြို့ ကဗျာကျေးရွာအုပ်စုရှိ ကျေးလက်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

1

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကဗျာကျေးရွာအုပ်စု၊ ကဗျာဝ ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် သုဓမအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကဗျာကျေးရွာအုပ်စုရှိ ကဗျာဝ၊ ကဗျာကြီး၊ ရွှေဟင်္သာ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြဆွေးနွေးချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။

 

1

 

အလားတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကျီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် အိန္ဒကအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းတွင် မကျီးကျေးရွာအုပ်စုအတွင်းရှိ မကျီး၊ မကျီးချောင်းဝ၊ မိထော်လှာကြီး၊ မိထော်လှာလေး၊ ဓနိဂျာကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ညီညီချမ်း(ပြန်/ဆက်)