ဗန်းမော် ၁ မေ
မေ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဗန်းမော်လူငယ်ကွန်ရက် (Banmaw Youth Network) အဖွဲ့မှ ဒေါ်လဲ့လဲ့နွယ်က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောပြီး တက်ရောက်လာသူများ၏ မေမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ Youth Club အဖွဲ့နှင့် ဗန်းမော်လူငယ်ကွန်ယက် (Banmaw Youth Network) အဖွဲ့မှ အဖွဲ့ဝင်များ၊ ဗန်းမော်မြို့ စနေ(ကွက်လပ်ဖြည့်) ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဗန်းမော်ခရိုင်ရုံးခွဲမှ အဖွဲ့ဝင်များ၊ ဗန်းမော်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သျှမ်းကလေး(ဗန်းမော်)


