တနိုင်း   ၁  မေ

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် မကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ထွန်းငြိမ်းမှ မကူးစက်ရောဂါများအကြောင်း အဓိက မကူးစက်ရောဂါများထဲတွင် သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

အဆိုပါသင်တန်းကို သင်တန်းသူ သင်တန်းသား (၄၂)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြအဖြစ် တနိုင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်ထွန်းငြိမ်း၊ မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်လင်း၊ တိန်ကောက် လက်ထောက်ကျန်းမာရေးမှူး ဦးအောင်ခိုင်လင်းတို့က သင်ကြားပို့ချလျက်ရှိကာ သင်တန်းကာလမှာ မေ ၁ ရက်မှ မေ ၃ ရက်အထိဖြစ်ကြောင်း သိရသည်။

MDN