မောင်တော ၁ မေ
မိုင်းအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ရခိုင်ပြည်နယ် မောင်တောမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် Unicef နှင့် CFSI တို့မှ တာဝန်ရှိသူများက မိုင်းအန္တရာယ် အသိပညာပေးခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ အကျိုးသက်ရောက်မှု၊ မိုင်းအန္တရာယ် အသိပညာပေး ပုံပြင်ကားချပ်များ၊ စာစောင်များ၊ ရေဒီယိုအစီအစဉ်များနှင့် သရုပ်ပြကွက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာန၊ Unicef နှင့် Community and Family Services International (CFSI) တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ပြီး မောင်တောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


