ရေနံချောင်း ၁ မေ 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို မေ ၁ ရက် မွန်းလွဲ ၁ နာရီက ရေနံချောင်းမြို့မဈေးခန်းမ၌ ကျင်းပသည်။

 

7171

 

ပြိုင်ပွဲတွင် ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက စာမျက်နှာ ၆၀ဝ ကျော်ပါရှိသော နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင်ကျမ်းကို နံနက်ပိုင်းတွင် ရေးဖြေဖြေဆိုခဲ့ပြီး အမှတ်အများဆုံး ကျောင်းသားကျောင်းသူ ၁၀   ဦးက သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကြသည်။

 

7179

 

ထိုသို့ယှဉ်ပြိုင်ရာတွင် ပထမဆု ရရှိသော ရေနံချောင်းမြို့နယ် ယဉ်ကျေးလိမ္မာတောင်ဖီလာဓမ္မစကူလ်းမှ မောင်ပိုင်ဘုန်းမြင့်၊ ဒုတိယဆု ရရှိသော ရွှေစေတီဓမ္မစကူးလ်မှ မခင်ပြည့်စုံနှင့် တတိယဆုရရှိသော ချောက်မြို့နယ် ဆားလည်ကျွန်းဓမ္မစကူးလ်မှ မနော်အေးဝေတို့အား ဗုဒ္ဓဓမ္မပရ ဟိတဖောင်ဒေးရှင်းမှ ဆရာတော်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်းနှင့် အလှူရှင်များက ဆုကြေးငွေနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ကြသည်။

 

7184

 

အဆိုပါပြိုင်ပွဲတွင် ရေနံချောင်းမြို့နယ်မှ ထိန်ချောင်းဓမ္မစကူးလ်၊ ယဉ်ကျေးလိမ္မာတောင်ဖီလာ၊ ရွှေစေတီ ဓမ္မစကူးလ်၊ ပင်းဝဝါဆိုဓမ္မစကူးလ်၊ အောင်ဇေတဝန်ဓမ္မစကူးလ်၊ ကုန်းကန်ဓမ္မစကူးလ်၊ ဘေးမဲ့အထက်တန်း ကျောင်းဓမ္မစကူးလ်၊ ညောင်လှမြို့မဓမ္မစကူးလ်၊ ရွှေပျိုးခင်းပရဟိတကျောင်းနှင့် ချောက်မြို့နယ်မှ ဆားလည် ကျွန်းဓမ္မစကူးလ်၊ ကျောက်ရဲသက်ရင်းတောဓမ္မစကူးလ်နှင့် ကျောက်ရဲရွာသစ်ဓမ္မစကူးလ်တို့မှ ဆရာတော် သံဃာတော်များ၊ ဆရာ ဆရာမ များနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ကိုစိုးကြီး

 

7186