ကြို့ပင်ကောက် ၂  မေ 

 

ပဲခူးတိုင်းဒေသကြီး သာယဝတီခရိုင် ကြို့ပင်ကောက်မြို့အတွင်းရှိ သောက်သုံးရေရှားပါနေသော ကံကြီးအုပ်စု ကံကြီးကျေးရွာသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့က သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မေလ ၁ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

 

IMG_2

 

အဆိုပါ ကံကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း ရေကန်တစ်ကန်နှင့် အဝီစိတွင်းအချို့ကို အားထား၍ ရေရယူသုံးစွဲနေရာ ယခုအခါ ဘုန်းတော်ကြီးကျောင်းရေကန်မှာ ခန်းခြောက်ပြီး အဝီစိတွင်းများသည်လည်း ရေတစ်စည်ကို ၄ နာရီခန့်ကြာအောင် ရယူသုံးစွဲနေရကြောင်း သောက်ရေအတွက်လည်း ရွာနှင့်နှစ်မိုင်ခန့်ဝေးသော ရေတွင်းမှ ထွက်သောရေကို စောင့်ဆိုင်းခတ်ယူနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။

 

IMG_20

 

ယင်းကျေးရွာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလန် ၁၆၀ဝ နှင့် စည်ပင်သာယာရေးအဖွဲ့မှ ရေဂါလန် ၁၀ဝ၀ တို့အား ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရေစုကန်များအတွင်း ထည့်သွင်းလှူဒါန်းပေးခဲ့သည်။

 

IMG_20

 

မြို့နယ်အတွင်းရှိ ရေရှားပါသောကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ စုစုပေါင်း ရေဂါလန် တစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စုစုပေါင်းရေဂါလန် သုံးထောင်ခန့် သွားရောက်လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

 

ဇေယျာထွန်း (ကြို့ပင်ကောက်)

 

ge IMG_20