စစ်တွေ  ၂ မေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ambassador Mr.David Hale နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရောက်ရှိသည်။

ယင်းနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ မဒ္ဒရာဆာအိစ္စလာမီယာ စာသင်ကျောင်းတွင် အောင်မင်္ဂလာရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ဦးရွှေလှဦးဆောင်သော အမျိုးသား၊ အမျိုးသမီးများနှင့် တွေ့ဆုံပြီးသိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော်သို့ သွားရောက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌ ဦးမြသန်းတို့နှင့်တွေ့ဆုံပြီး အစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံသားဖြစ်မှုကိစ္စနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ နေပြည်တော်သို့ ထွက်ခွာသွားကြသည်။

 

mdn

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ambassador Mr.David Hale နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr.ScotMarciel နှင့် တာဝန်ရှိသူများ လိုက်ပါလာကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)