နေပြည်တော် ၂  မေ

 


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith Thiengtham အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။ 

 

eww

 


ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith Thiengtham တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ၎င်းနောက် ဂုဏ်ပြုတပ်ဖွဲ့က ချီတက်အလေးပြုထွက်ခွာသည်။ 

 


ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။ 

 


ထိုသို့တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်ကြား ရှိပြီးချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးအပါအဝင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အပြန်အလှန်သတင်းဖလှယ်ခြင်း၊ တားဆီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်စေလွှတ်၍ အသိပညာများမျှဝေခြင်းနှင့် လက်တွေ့လေ့ကျင့်ရေး၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စအပါအဝင် ယဉ်ကျေးမှုနှင့် အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

 

ewwe

 


ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Aureum Place ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 


(သတင်းစဉ်)